Administratorက
အသုံးပြုခွင့်ပေးထားတဲ့ permission အတိုင်းပဲ user တွေက Read,Write,Execute ရနိင်မှာပါ
Linux မှာဆိုရင်
Read ကိုအတိုကောက် r နဲ့သတ်မှတ်ပြီး number ကတော့ 4 ဖြစ်ပါတယ်
Write ကိုအတိုကောက် w နဲ့သတ်မှတ်ပြီး number ကတော့ 2 ဖြစ်ပါတယ်
execute ကိုအတိုကောက် x နဲ့သတ်မှတ်ပြီး number ကတော့ 1ဖြစ်ပါတယ်
အာလုံးပေါင်းလိုက်ရင် 7 ရပါတယ် full permission ပါ
အဲ့မှာ owner ရယ် groupရယ် other ရယ်ဆိုပြီးရှိလာတဲ့အခါကိုယ်ပေးချင်တဲ့ permission ကိုစိတ်ကြိုက်သတ်မှတ်လို့ရပါတယ်
owner ကို full permission ပေးချင်ရင် 7 နဲ့သတ်မှတ်လို့ရသလို character rwx နဲ့လည်းတန်းပေးလို့ရပါတယ်
group နဲ့ other လည်းအဲ့လိုပါပဲ
file or folder permission ပေးခြင်း
chmod 777 folder
chmod 777 file
(or)
chmod ogu=rwx folder
chmod ogu=rwx file.txt
ls -al (or) ls file.txt -al (or) ls file.txt -la
folder ဆိုရင် ls folder -al (or) ls folder -la လိုရိုက်လိုက်ရင်
terminal မှာ -rwxrwxrwx ဆိုပြီး permission ကိုပြပေးမှာပါ
owner,group,otherအတွက် full permissionပါ
ဘာpermission မပေချင်ဘူးဆိုရင်တော့
chmod ogu=— file.txt
(or)
chmod 000 file.txt
permission စစ်လိုက်ရင် terminal မှာ ———- ပြနေမှာပါ
folder ဆိုရင် file နေရာမှာfolderလို့အစားထိုးရိုက်လိုက်ပါ
permission ပေးပြီးသားရှိခဲ့လို့ permission ထပ်ပေးချင်တာပဲဖြစ်ဖြစ် permission ကို ပြောင်းချင်တာပဲဖြစ်ဖြစ်လုပ်လို့ရပါတယ်
permission ကို ပေါင်းထည့်ချင်ရင်တော့ အပေါင်း + sign ကိုသုံးပြီးတော့ permission ကိုပြင်ချင်ရင်တော့ အနတ် – sign ကိုအသုံးပြုလို့ရပါတယ်
example
chmod u-x file (or) folder
chmod g-w file (or) folder
chmod o-r file (or) folder
chmod u+x file (or) folder
chmod g+w file (or) folder
chmod o+r file (or) folder
permission ပေးတာနဲ့option ကိုကြည့်ချင်ရင်
chmod –help
ls –help
Windows မှာဆိုရင်
folderကိုshare ပြီ permission ပေးပါမယ်
net share နဲ့ icacls ကိုသုံးပါမယ်
net share folder=c:\folder /grant:everyone,full /users:10
c partitation ထဲက folder ကို everyone နဲ့ full permission ပေးပြီ user 10ရောက်အသုံးပြုလို့ရအောင် sharလိုက်ပါတယ် grant ကတော့ခွင့်ပြုတာပါ deny ဆိုရင်တော့ခွင့်မပြုဘူးပေါ့
icacls folder /grant everyone:(OI)(CI)(f)
Full control ပေးလိုက်ပါတယ် အဲ့command နှစ်ကြောင်းနဲ့ share ပြီး folder ကို permission ပေးလိုက်ပါပြီ
share ထားတာကိုဖျက်ချင်ရင်
net share folder /delete
Everyone full permission ပေးထားတာကိုဖျက်ချင်ရင်
icacls folder /remove everyone
permission ကို deny လုပ်ချင်ရင်
icacls folder /deny everyone:(OI)(CI)(f)
permission အာလုံးကို deny လိုက်ပါတယ်
permission စစ်ချင်ရင်တော့
icacls folder
ဆိုပြီးရိုက်လိုက်ရင် cmd မှာ
အပေါ်ဆုံးစာကြောင်းမှာ folder name နဲ့ permission ကိုပြပေးမှာပါ
ကျွန်တော် ရေးပြထားတာ full controlနဲ့ပါ
(OI)(CI)(RX)
(OI)(CI)(RX,W)
(OI)(CI)(M)
လေးတွေထပ်စမ်းကြည့်ပေးပါ
net share နဲ့ permission ပေးတာကိုကြည့်ချင်ရင်
net share /?
icacls /?
မှတ်ချက်=everyone နေရာတွင် user account,administrator account ဖြင့်လည်းအစားထိုးပြီးအသုံးပြုလို့ရပါတယ်
အားလုံးကိုလေးစားလျက် #
26.5.2019
ကိုပိုင်